Menu

Theme

Current: System

All Songs

Family Pledge

가정맹세 | မိသားစုအဓိဌာန်

1

(၁) စစ်မှန်သောအချစ်မေတ္တာကို အချက်အချာပြုသော ကျွန်ုပ်တို့ မိသားစုများသည် မူလနေရာသို့ မူလနေရာသို့ ပြန်လည်ရောက်ရှိစေရန်နှင့် ဖန်ဆင်းတော်မူခြင်း၏ မူလစံဖြစ်သော ဘုရားသခင်၏နိုင်ငံတော်ကို မြေကြီးပေါ်နှင့်ကောင်းကင်ဘုံတွင် တည်ထောင်ရန်အဓိဌာန်ပြုပါ၏။

2

(၂) စစ်မှန်သောအချစ်မေတ္တာကို အချက်အချာပြုသော ကျွန်ုပ်တို့မိသားစုများသည်၊ ကောင်းကင်ဘုံရှင်မိဘတော်နှင့် စစ်မှန်သောမိဘတော်ကိုလိုက်နာ၍ စကြာဝဠာကို ကိုယ်စားပြုသော မိသားစုအတွက်၊ တာဝန်ကျေပွန်သော တစ်ဦးတစ်ယောက်စီအဖြစ်လည်းကောင်း၊ ဤလောကတွင်သူတော်စင်များအဖြစ်နှင့် စကြာဝဋ္ဌာအတွက် သန့်ရှင်းမြင့်မြတ်သောသားသမီးများနှင့်၊ တာဝန်ကျေပွန်သောမိသားစုများအဖြစ် ပြည့်စုံရန် အဓိဌာန်ပြုပါ၏။

3

(၃) စစ်မှန်သောအချစ်မေတ္တာကို အချက်အချာပြုသော ကျွန်ုပ်တို့မိသားစုများသည်၊ နှလုံးသား၏နယ်ပယ်ကြီး(၄)ရပ်၊ ရှင်ဘုရင်အရာ(၃)နေရာနှင့်၊ မြင့်မြတ်သောတော်ဝင်မိသားစုများဖြစ်လာစေရန် အဓိဌာန်ပြုပါ၏။

4

(၄) စစ်မှန်သောအချစ်မေတ္တာကို အချက်အချာပြုသော ကျွန်ုပ်တို့မိသားစုများသည်၊ ကောင်းကင်ဘုံရှင်မိဘတော်၏ စံအဖြစ်ဖန်ဆင်းထားသော စကြာဝဋ္ဌာကြီးကို၊ လွပ်လပ်ခြင်း ငြိမ်းချမ်းခြင်း စုစည်းညီညွတ်ခြင်း၊ ဝမ်းမြောက်ခြင်းဖြင့်ပြည့်စုံသော မိသားစုကြီးတစ်ခုဖြစ်လာစေရန် အဓိဌာန်ပြုပါ၏။

5

(၅) စစ်မှန်သောအချစ်မေတ္တာကို အချက်အချာပြုသော ကျွန်ုပ်တို့မိသားစုများသည်၊ ကတ္တားဖြစ်သောဝိဉာဉ်လောကနှင့် ကမ္မဖြစ်သောရုပ်လောကတို့ကို စုစည်းညီညွတ်စေရန်၊ မှန်ကန်သောဖွံ့ဖြိုးမှု ဖြစ်ပေါ်စေရန်၊ နေ့စဉ်ပြုလုပ်မည်ဟု အဓိဌာန်ပြုပါ၏။

6

(၆) စစ်မှန်သောအချစ်မေတ္တာကို အချက်အချာပြုသော ကျွန်ုပ်တို့မိသားစုများသည်၊ ကောင်းကင်ဘုံရှင်မိဘတော်နှင့် စစ်မှန်သောမိဘတော်ကို ကိုယ်စားပြုသောမိသားစုများအဖြစ်ကောင်းကင်ဘုံ၏ကံကြမ္မာကိုညီညွတ်စေနိုင်ပြီး၊ တစ်ပါးသူတို့အားကောင်းကင်ဘုံ၏ကောင်းကြီးမင်္ဂလာကိုပေးပို့နိုင်သောမိသားစုများကို ထူထောင်ရန် အဓိဌာန်ပြုပါ၏။

7

(၇) စစ်မှန်သောအချစ်မေတ္တာကို အချက်အချာပြုသော ကျွန်ုပ်တို့မိသားစုများသည်၊ မူလသွေးမျိုးဆက်နှင့်ဆက်သွယ်၍၊ သူတစ်ပါးအတွက် အသက်ရှင်နေထိုင်ခြင်းအားဖြင့် နှလုံးသား၏ ယဉ်ကျေးမှုကမ္ဘာလောကကြီးကို တည်ထောင်ရန် အဓိဌာန်ပြုပါ၏။

8

(၈) စစ်မှန်သောအချစ်မေတ္တာကို အချက်အချာပြုသော ကျွန်ုပ်တို့မိသားစုများသည်၊ ချွန်းအီဂုအချိန်ကာလသို့ဝင်ရောက်ပြီး၊ အကြွင်းမဲ့ယုံကြည်မှု၊ အကြွင်းမဲ့ချစ်ခြင်းမေတ္တာ၊ အကြွင်းမဲ့နာခံခြင်းဖြင့်၊ ဘုရားသခင်၏လူသားအပေါ်အချစ်နှင့် တစ်လုံးတစ်ဝတည်းဖြစ်ပြီး၊ စစ်မှန်သောမြေကြီးပေါ်ရှိကောင်းကင်နိုင်ငံတော်နှင့် ကောင်းကင်ဘုံရှိကောင်းကင်နိုင်ငံတော်အဖြစ်၊ လွပ်လပ်သောကောင်းကင်နိုင်ငံတော်ကို တည်ထောင်ရန် အဓိဌာန်ပြုပါ၏။

Inspired by resources from unification.net.

Built with ❤️ by Chan Lay — offered in love for the community.

© 2018–2026 FFWPU Myanmar. All rights reserved.